တိုကျို ဩဂုတ် ၅
ဂျပန်မိုးလေဝသအေဂျင်စီ၏ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံ ဂွန်းမခရိုင် အီဆဲဆာကီမြို့၌ ဩဂုတ် ၅ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် အပူချိန် ၄၁ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ် အထိ ရောက်ရှိခဲ့သည့်အတွက် အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
တရားဝင်စာရင်းကောက်ယူသည့် အချိန်မှစတင်ကာ အဆိုပါအပူချိန်သည် ဂျပန်နိုင်ငံတွင် အမြင့်ဆုံး အပူချိန်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ ဂွန်းမနှင့် စိုင်းတာမခရိုင်ရှိ အခြားမြို့များတွင်လည်း အပူချိန် ၄၁ ဒီဂရီဆဲလ်စီးယပ် ကျော်လွန်ခဲ့သည့်အတွက် နေရာအနှံ့အပြား အပူလျှပ်ခြင်းဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မိုးလေဝသအေဂျင်စီက ကန်တို-ကိုရှင်းဒေသတစ်လျှောက် စံချိန်တင်အပူချိန်လွန်ကဲမှု ဖြစ်ပေါ်လာ နိုင်ကြောင်း သတိပေးထားသည်။ ထို့ပြင် အပြင်ထွက်ခြင်းမှ ရှောင်ရှားကြရန်နှင့် လေအေးပေးစက်များ အသုံးပြုကြရန် ဒေသခံများကို တိုက်တွန်းနှိုးဆော်ထားသည်။
ဆင်ဟွာ


