ရေး ၂၅ ဧပြီ
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ပုပ္ဖဝတီကျေးရွာ၊ ပုပ္ဖဝတီကျောင်းတိုက်၌ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ မွန်ပြည်သစ်ပါတီသို့ ဖွံ့ဖြိုးရေးလုပ်ငန်းသုံး ယာဉ်ယန္တရားများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော်၊ ဂျပန်သံအမတ်ကြီး မာစတာ အီချီယိုမာယိုဟာမာနှင့် နိပွန်ဖောင်ဒေးရှင်းမှ ဆက်ဆံရေးအရာရှိ မာစတာ ယူဂျီမိုရီ တို့က အသီးသီးအမှာစကား ပြောကြားခဲ့ပြီး တန်ဖိုးငွေကျပ် သိန်းငါးထောင်တန်ဖိုးရှိ ယာဉ်ယန္တရား စာရွက်စာတမ်းများအား နိပွန်ဖောင်ဒေးရှင်းကိုယ်စား နိပွန်ဖောင်ဒေးရှင်း ဆက်ဆံရေးအရာရှိမှ မွန်ပြည်သစ်ပါတီ အတွင်းရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် မွန်ပြည်သူလူထုကိုယ်စား မွန်ပြည်သစ် ပါတီဒုတိယဥက္ကဌ နိုင်ဟံသာက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ယာဉ်ယန္တရားများရှေ့တွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ နိပွန်ဖောင်ဒေးရှင်းတို့မှ အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းစဉ်(၅)ခုဖြစ်သည့် ယာဉ်ယန္တရား ပံ့ပိုးပေးအပ်ခြင်း၊ ကျန်းမာရေး အဆောက်အဦ(၂)လုံး ပေးအပ်ခြင်း၊ ပညာရေးအဆောက်အဦ (၆)လုံး၊ ရဲဘော်အိမ်ရာ (၃၃၀)ဆောက်လုပ်ပေးခြင်းနှင့် ကျေးရွာ(၇)ရွာတွင် ဆိုလာမီးတပ်ဆင်ပေးခြင်း စသည့် လုပ်ငန်းစဉ်ထဲမှ ပထဆုံးအနေဖြင့် ယာဉ်ယန္တရားပေးအပ်ခြင်း အစီအစဉ်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


