ဟားခါး   ၂၉     ဧပြီ        

 

ဟားခါး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် MBAPF ၊ MEC Education တို့ပူးပေါင်း ဖွင့်လှစ်သည့်  ဒစ်ဂျစ်တယ်လ် သတင်းအချက်အလက်ဆိုင်ရာ နည်းပညာသင်တန်း အမှတ်စဉ် (၂ / ၂၀၁၉) ကို ယနေ့ နံနက် ၉ နာရီက ချင်းပြည်နယ် ဟားခါးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပရာ ရှေးဦးစွာ ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်စိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီးနောက် သင်တန်းနည်းပြ ဦးမိုးကျော်ကျော်(MBAPF)က သင်ကြားမည့်ဘာသာရပ်များကို မိတ်ဆက်ရှင်းလင်းပြောကြားသည်။

 

"ဒီသင်တန်းက ကမ္ဘာတစ်ဝှမ်းရှိလူသားများ၏ လူနေမှုဘဝတွင် နေ့စဉ်အသုံးပြုလျက်ရှိတဲ့ အွန်လိုင်းနည်းပညာကို တက်ရောက်လာကြသူများအား ကျွမ်းကျင်စွာအသုံးပြုနိုင်ရုံသာမက စိတ်ပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုအတွက်ကိုပါ ရေးဆွဲစုစည်းထားပါတယ်။ ကိုယ်တိုင်ဖန်တီးခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ အကဲဖြတ်ခြင်း၊ ထုတ်ယူသုံးဆွဲခြင်းနှင့် သတင်းများပေးပို့ခြင်း၊ လက်ခံခြင်းစတဲ့ ICT  ဖြစ်စဉ်များအတွက် မရှိမဖြစ်အသုံးဝင်ပြီး မိုဘိုင်းဖုံးများနှင့်သာမက အခြား device များနှင့်ပါ ချိတ်ဆက်အသုံးပြုတတ်အောင် လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်"ဟု သင်တန်းနည်းပြတစ်ဦးဖြစ်သူ ဦးစိုင်းမြတ်ဇင်ထွန်းက  ပြောပြပါတယ်။

 

အဆိုပါသင်တန်းကို  ဧပြီလ ၂၉  ရက်နေ့မှ မေလ ၁ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဟားခါးမြို့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူငယ်လူရွယ်များနှင့် သတင်းမီဒီယာကို စိတ်ပါဝင်စားသည့်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

 

မြင့်နိုင်စိုး (ထီလှိုင်မြေ)