လော့စ်အိန်ဂျလိစ် ဩဂုတ် ၁၃
အမေရိကန် ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ် မော်ဝီကျွန်းတွင် တောမီးလောင်မှုကြောင့်သေဆုံးသူ ၈၉ ဦးအထိ တိုးလာခဲ့ကြောင်း ဟာဝိုင်ယီပြည်နယ်အုပ်ချုပ်ရေးမှူး ဂျို့စ်ဂရင်းကဩဂုတ် ၁၂ ရက်တွင် ပြောကြားသည်။
နောက်ဆုံးရ သတင်းအရအချက်အလက်များ ကယ်လီဖိုးနီးယားတွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်က ဖြစ်ပွားခဲ့သည့် တောမီးလောင်မှုဖြစ်စဉ်တွင် လူ ၈၅ ဦးထက်မနည်း သေဆုံးမှုထက် ပိုမိုလာသည့်အတွက် ခေတ်သစ်အမေရိကန်သမိုင်းတွင် ရာစုနှစ်တစ်ခုကျော်အတွင်း အသေအပျောက် အများဆုံး တောမီး ဖြစ်လာခဲ့သည်။
လူ အသေအပျောက်များ သော တောမီးကြောင့် ယခင်က ဟာဝိုင်ယီပြည်နယ်၏ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု အများဆုံး သမိုင်းဝင်မြို့ဖြစ်သည့် လာဟိုင်းနားသည်လုံးဝနီးပါး ပျက်စီးသွား ခဲ့သည်။အဆိုပါ တောမီးကြောင့် အဆောက်အအုံပေါင်း ၂၂၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီးဧက ၂၁၇ဝ (၈ ဒသမ ၇၈ စတုရန်း ကီလိုမီတာ ဝန်းကျင်) မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ပြန်လည် ထူထောင်ရေး ဆောင်ရွက်ရန်ခန့်မှန်းခြေ ကုန်ကျစရိတ်မှာအမေရိကန်ဒေါ်လာ ၅ ဒသမ ၅၂ ဘီလီယံအထိရှိနိုင်ကြောင်း ပစိဖိတ် ဘေးအန္တရာယ်ဆိုင်ရာဗဟိုဌာန၏ အကဲဖြတ်ချက်အရ သိရသည်။
ဆင်ဟွာ


