နေပြည်တော် ၁   ဒီဇင်ဘာ

 

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည်  နိုဝင်ဘာလ ၃၀ ရက်နေ့က နောင်စုံကျေးရွာ၏ တောင်ဘက် ၂ မိုင်ခွဲခန့် အကွာ၌ အမြင့် ၆ လက်မ ခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၁၂ ဒသမ ၅ ဧက ခန့်နှင့်  ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များက လုံးပြင် ကျေးရွာ၏ မြောက်ဘက် ၁ မိုင် ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၃၁ ဒသမ ၅ ဧကခန့် ၊ ကန့်ချုပ်ဒိုင် ကျေးရွာ၏ အနောက်မြောက်ဘက်၂ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ ဘိန်းခင်း ဧက၂၀ ခန့်တို့အား ဖျက်ဆီးခဲ့သည်။

 

အလားတူ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက တိနားကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၆ ဧကခန့်၊ ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့ဝင်များက ငူးပလိုငံကျေးရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၂၆ ဧကခန့်၊ကလောမြို့နယ်ရဲတပ်ဖွဲ့ဝင်များက စလုံးတောင်ကျေးရွာ၏ အနောက် မြောက်ဘက် ၄ မိုင်ခွဲခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၂ ဒသမ ၅ ဧကခန့်အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့များမှ ဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

 

(သတင်းစဉ်)