ဟင်္သာတ နိုဝင်ဘာ ၁၀

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ခေါင်းဆေးကျွန်း စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင် ကိုင်းမြေ ၇၆ ဒသမ ၅ ဧကတွင် အသင်းသား တောင်သူများ စိုက်ပျိုးထားမှု အခြေအနေကို ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများက ခေါင်းဆေးကျွန်း စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် ဆောင်းသီးနှံ ပဲပုပ်၊ ငရုတ်၊ ခရမ်းချဉ် စိုက်ပျိုးထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကြပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည့် ပိုးသတ်ဆေး၊ သွင်းအားစုများရရှိရေး ဟင်္သာတမြို့နယ် သမဝါယမဦးစီးဌာန မြို့နယ်သမဝါယမ အသင်းစုတို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ အထွက်နှုန်းတိုးတက်ရေး အောင်မြင်အောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)