နေပြည်တော် ၁၆ ဇူလိုင်

ယနေ့နံနက် ၇ နာရီ ၅၁ မိနစ်တွင် ဟုမ္မလင်းမြို့၏ တောင်-အနောက်တောင်ဘက် (၉) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

 

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၄.၇၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၉) ဒီဂရီ၊ အနက် (၁၇) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။

MDN