နေပြည်တော် ၂၉  ဧပြီ


၂၀၁၉ ခုနှစ်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ရာပြည့်နှစ် အထိမ်းအမှတ် အခမ်းအနားကို အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအလိုက် ကျင်းပရာတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအနေဖြင့် ILO၊ ရန်ကုန်နှင့် ပူးပေါင်း ၍ ILO ရာပြည့်ဆောင်းပါးပြိုင်ပွဲနှင့် ထူးချွန်ဆု ချီးမြှင့်ပွဲကို ကျင်းပမည်ဖြစ်သည်။ ဆောင်းပါးပြိုင်ပွဲခေါင်းစဉ်မှာ မြန်မာဘာသာဖြင့် “ILO ရာပြည့်မှစ သင့်လျော် ကောင်းမွန်သော အလုပ်အကိုင်တိုးမြင့်ရေးနှင့် လူမှုတရားမျှတရေး မြှင့်တင်ဆောင်ရွက်ကြ”  ဖြစ်သည်။


ပြိုင်ပွဲဝင်လိုသူများအနေဖြင့် စာမူကို ကွန်ပျူတာဖြင့်ဖြစ်စေ၊ လက်ရေးဖြင့်ဖြစ်စေ၊ စာမျက်နှာတစ်ဖက်တည်းတွင် စာလုံးရေသုံးထောင်မှ ငါးထောင်အတွင်း ရေးသားရန် ( Pyidaungsu Font Size 13)၊    ပြိုင်ပွဲဝင်တစ်ဦးအတွက် စာမူဆောင်းပါးတစ်ပုဒ်သာ တင်သွင်းရန်၊ စာမူ မူရင်းနှင့် မိတ္တူကို ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း ဝန်ခံချက် ရေးသား၍  ပူးတွဲ တင်ပြရန်၊     ဆောင်းပါးရေးသူ၏ကိုယ်ရေးရာဇဝင်တွင် အမည်ကို မြန်မာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးစာလုံးဖြင့်ဖော်ပြပြီး အဖအမည်၊ အသက် (မွေးသက္ကရာဇ်)၊ ကျား၊ မ၊ နိုင်ငံ သားစိစစ်ရေးကတ်ပြားအမှတ်၊ ပညာအရည်အချင်း၊ အလုပ် အကိုင်၊ နေရပ်လိပ်စာ နှင့် ဆက်သွယ်ရမည့် တယ်လီဖုန်းအမှတ်၊ တိုင်းဒေသကြီး/ ပြည်နယ်တို့ကို ပြည့်စုံ စွာဖြည့်စွက်ရေးသားဖော်ပြပြီး ပတ်စပို့ဓာတ်ပုံသုံးပုံ ပူးတွဲတင်ပြရန် တို့ဖြစ်သည်။


ပြိုင်ပွဲဝင်စာမူများကို အတွင်းရေးမှူး၊ ဆောင်းပါးပြိုင်ပွဲကျင်းပရေး လုပ်ငန်း ကော်မတီ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁)၊ နေပြည် တော်သို့ မေ ၆ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ပေးပို့ရမည် ဖြစ်သည်။


ပြိုင်ပွဲဆုများအဖြစ် ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် သုံးသိန်း၊ တတိယဆု ငွေကျပ် နှစ်သိန်း၊ နှစ်သိမ့်ဆု/ အထူးဆု ငါးဆုအတွက် တစ်ဆုလျှင် ၁ သိန်းကျပ် သတ်မှတ်ထားပြီး ဆုရသူများကို မေလနောက်ဆုံးပတ်တွင် ရန်ကုန်၌ ကျင်းပမည့် Centenary Launch Event အခမ်းအနားတွင် ဆုချီးမြှင့်မည်ဖြစ်သည်။


ရွေးချယ်ခြင်းမခံရသည့်စာမူများကို ပြန်လည်ပေးပို့မည်မဟုတ်ကြောင်းနှင့် ဆောင်းပါးပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဒေါ်တင်မာထွေး၊ အတွင်းရေးမှူး၊ ဆောင်းပါးပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ၊ ဖုန်း-ဝ၆၇-၄၃၀ဝ၉၀ ကို ဆက်သွယ်စုံစမ်း နိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။ 


(သတင်းစဉ်)