ဂျကာတာ ဇူလိုင် ၂၄

တိုယိုတာကုမ္ပဏီသည်  ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်     အရှေ့တောင်အာရှ၌   လျှပ်စစ် ကားများ   စတင်ထုတ်လုပ်မည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံရှိ    ၎င်း၏ စက်ရုံတွင်  လျှပ်စစ်ကားများထုတ်လုပ်မည့် လှုပ်ရှားမှုသည် ဒေသတွင်း လျှပ်စစ်ကားဈေးကွက် ဝယ်လိုအားကောင်းလာချိန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တိုယိုတာကုမ္ပဏီ သည်  ဒီဇင်ဘာလမှ စတင်ကာ ဂျကာတာမြို့ ဆင်ခြေဖုံးရှိ ၎င်း၏စက်ရုံတွင် အက်စ်ယူဗွီ လျှပ်စစ်ကားများ ထုတ်လုပ်ရန် စီစဉ်ထားကြောင်း ဇူလိုင် ၂၃  ရက် တွင် ပြောသည်။

ပြည်တွင်း၌ လျှပ်စစ်ကားများထုတ်လုပ်ရန် ကုမ္ပဏီ၏ ဆုံးဖြတ်ချက်သည်   မော်တော်ယာဉ်များကို       လူကြိုက်များလာစေရန် အင်ဒိုနီးရှားအစိုးရ၏ ကြိုးပမ်းမှုတစ်ရပ်လည်း ဖြစ်နိုင်သည်။   တိုယိုတာ ကုမ္ပဏီသည်  လျှပ်စစ်ကား၊  ဟိုက်ဘရစ်ကားများအပါအဝင် ကားအမျိုးအစားများစွာကို  ပံ့ပိုးပေး နိုင်ရန်   အလေးပေးထားသည်။ တိုယိုတာကုမ္ပဏီသည်   ဒေသတွင်း ကြီးမားသည့်ယှဉ်ပြိုင်မှုများ နှင့်  ရင်ဆိုင်နေရသည်။  ဂျပန်ကားထုတ်လုပ်သူများသည်   နိုင်ငံတွင်းနှင့် အခြားသော အရှေ့တောင် အာရှနိုင်ငံများတွင်  မြင့်မားသောဈေးကွက်ဝေစုများကို ရရှိထားကြသည်။

အင်န်အိတ်ချ်ကေ