ဇီးကုန်း ၈ မေ
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်တွင် မေ ၄ရက် နှင့် ၅ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၆၁)လုံး အမိုးလန်ပျက်စီး၍ နေအိမ်နှစ်လုံးပြိုလဲခဲ့ရာ အဆိုပါ ပျက်စီးဆုံးရှုံးများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက မေ ၇ ရက် မွန်းလွဲပိုင်းတွင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး နော်ဖွယ်စေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့က အမှာစကားပြောကြားပြီး လေဘေးသင့်အိမ် (၆၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၁၅၀၆၀ဝ) ကျပ်၊ ပြိုလဲနေအိမ်နှစ်လုံးအတွက် ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများကို တိုင်းရင်းသားရေးရာဝန်ကြီး နော်ဖွယ်စေးက ပေးအပ်ရာ လေဘေးသင့် အိမ်ထောင်စုဝင်များကိုယ်စား ဦးညီညီအောင် လက်ခံရယူခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ဇီးကုန်း)



