ဇီးကုန်း  ၂၈  ဧပြီ

 

ပဲခူးတိုင်းဒေသကြီး  ဇီးကုန်းမြို့ အမှတ်(၄)ရပ်ကွက် စည်ပင်လမ်းတွင် ယနေ့ နံနက် ၉ နာရီခွဲက ပထမအကြိမ်အဖြစ် စာပေပြန့်ပွားရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

 

88775

 

အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်တွင် ရန်ကုန်မြို့မှ စာအုပ်အရောင်းဆိုင် (၁၀)ဆိုင်မှ လာရောက်ရောင်းချပြီး ပွဲတော်အား ဧပြီ ၂၈ ရက်မှ မေ ၂ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မာမာဦး၊ စာရေးဆရာများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

တင်မြင့်(နတ်တလင်း)