ဇလွန် နိုဝင်ဘာ ၁၂

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ကော့ကပ်တိုက်နယ်အတွင်းရှိ လက်မှုပညာလုပ်ငန်းဖြစ်သော သင်ဖြူးဖျာရက်လုပ်ငန်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ဝင်းဧရာသင်ဖြူးဖျာ ရောင်းဝယ်ရေး သမဝါယမအသင်းသားများအား လုပ်ငန်းမတည်ရင်းနှီးချေးငွေ ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကော့ကပ်ကလေးကျေးရွာ အောင်သိဒ္ဓိဘုရားတန်ဆောင်း၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်စိုးအေး၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌတို့က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးစောဝင်းက အသင်းသား ၅၉ ဦးတို့အတွက် လိုအပ်သော လုပ်ငန်းမတည်ရင်းနှီးငွေကျပ် ၁၇၇ သိန်းကို ပေးအပ်ခဲ့ရာ အသင်းသားများကိုယ်စား အသင်းဥက္ကဋ္ဌ ဒေါ်စမ်းသက်မာက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇလွန်(ပြန်/ဆက်)