ဇလွန် ၈ မေ
ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ဇော်ဂျီကွင်းကျေးရွာတွင် အိမ်မွေးခွေးများနှင့် ကြောင်များကို လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့လိုက်လံထိုးနှံပေးခြင်းကို ဇလွန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလေးမွန်ကြည်က ဧရာဝတီတိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဇလွန်မြို့နယ်အတွက် ရရှိသော ဆေးအလုံး (၃၀ဝ)ကို ဧပြီ ၂၇ ရက်မှ မေ ၁၀ ရက်အထိ စီမံချက်ရေးဆွဲပြီး လိုက်လံဆေးထိုးပေးရာ ယနေ့အထိ ခွေး၊ ကြောင် ၂၇၅ ကောင်ကို ထိုးနှံပေးပြီးဖြစ်ကြောင်း ပြောသည်။
ထိုသို့ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ လိုက်လံထိုးနှံပေးခြင်းကို သတ်မှတ်ရက်အတွင်း အကောင် (၃၀ဝ) ပြည့်မီစေရန် ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)


