ကြာအင်းဆိပ်ကြီး ၇ မတ် 


ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လူထုဗဟိုပြုစီမံကိန်းမှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမြင့်အောင်လင်းကအဖွင့် အမှာစကားပြောကြားပြီးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှအဖွဲ့ဝင် ဒေါ်မေမေပျိုက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ရည်ရွယ်ချက်နှင့် သမိုင်းကြောင်းအား ရှင်းလင်း ပြောကြားသည်။


ထို့နောက် လူထုဗဟိုပြုစီမံကိန်းမှ အမျိုးသမီးရေးရာကော်မတီဝင် ဒေါ်စန်းစန်းဝေက လူထုဗဟိုပြုစီမံကိန်းတွင် အမျိုးသမီးရေးရာ ကော်မတီအကြောင်း အမျိုးသမီများ ပူးပေါင်းပါဝင်မှု ကျား/မ ရေးရာကဏ္ဍ၊ စီးပွားရေးကဏ္ ဍဦးဆောင်အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သမိုင်းကြောင်းပေါ်ပေါက်လာပုံကို မှတ်တမ်းဗီဒီယိုဖြင့် ပြသပြီးနောက် လူထုဗဟိုပြုစီမံကိန်းမြို့နယ် နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်မြင့်က နိဂုံးချုပ်ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


မျိုးမင်းဦး ပြန်/ဆက်