ကြာအင်းဆိပ်ကြီး  ၈  မေ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမြသူထံမှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြင့်စိုးက ဖတ်ကြားခဲ့သည်။

 

mdn

 

ထို့နောက် တက်ရောက်လာသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့များမှ တစ်ဖွဲ့ချင်းစီအလိုက် သူနာပြုစွမ်းရည်အား သရုပ်ပြသကြပြီး တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)