နေပြည်တော် ဇူလိုင် ၁၂
နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းဆည်အတွင်း ငါးသယံ ဇာတများ တိုးပွားစေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊လေ) မိသားစုများက ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးများစိုက်ထည့် ခြင်းအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ် ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ငါးမျိုးများအား ဦးဆောင် စိုက်ထည့်ပေးသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံ တော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရေဆင်းဆည်အတွင်းသို့ ငါးမျိုးများအား ဦးဆောင်စိုက်ထည့် ပေးကြသည်။ ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများက ငါးမျိုးများကို ရေဆင်းဆည်အတွင်း စိုက်ထည့်ပေးကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည် မိသားစုများ၏ ငါးမျိုးစိုက်ထည့် ပေးနေမှုအား လိုက်လံကြည့်ရှု အားပေးကြသည်။
ယနေ့ ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးများ စိုက်ထည့်ခြင်း အခမ်းအနားတွင် နှစ်လက်မအရွယ် ရွှေဝါငါးကြင်း ကောင်ရေ ၅၀၀၀၊ ငါးမြစ်ချင်း ကောင်ရေ ၄၅၀၀၀၊ ငါးခုံးမကြီး ကောင်ရေ ၅၀၀၀၀ စုစုပေါင်း ငါးမျိုးကောင်ရေ ၁၀၀၀၀၀ ကို စိုက်ထည့်ပေးနိုင်ခဲ့ပြီး ရေဆင်း ဆည်အတွင်းသို့ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဩဂုတ်လအထိ ၁၀ ကြိမ်နှင့် ယခုအကြိမ် အပါ အဝင် ၁၁ ကြိမ်တွင် စုစုပေါင်း ငါးမျိုးကောင်ရေ ၈၈၅၇၀၀ ကို ငါးမျိုးများ စိုက်ထည့်ပေးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်





