ကျောက်ဆည် ၁ စက်တင်ဘာ


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ညောင်ရွေကျေးရွာ၊ ကျောက်ဆည်-တံတားဦး ကားလမ်းဘေးတွင် ကျူးကျော်နေထိုင်သည့် ဒေါ်မာရီ၏ လူနေတဲအိမ်တွင် စက်တင်ဘာ(၁)ရက် နံနက်(၆)နာရီ (၄၅)မိနစ်ခန့်က အိပ်ရာဘေးတွင် ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိခေါင်းအုံးအား မီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


မီးလောင်ရာသို့ ကျောက်ဆည်ခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇင်ထွန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်(၁၅)ဦးတို့သည် မီးငြိမ်းသတ်ယာဉ်(၂)စီး၊ DCP 2 kg(၃)ဘူးနှင့် ကျေးရွာပြည်သူများဖြင့် အတူ ဝိုင်းဝန် ငြှိမ်းသတ်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ပေ(၂၀x၁၅) သွပ်မိုး၊ ထရံကာ၊ မြေစိုက်လူနေတဲအိမ် (၁)လုံး၊ (၁၀x၁၀)သွပ်မိုး ထရံကာ၊ပျဉ်ခင်း၊မြေစိုက်လူနေတဲအိမ်(၁)လုံး၊ (၁၀x၁၀)ပေသွပ်မိုး၊ ထရံကာ၊ ဝါးခင်းမြေစိုက်တဲအိမ် (၁)လုံး၊ (၅x၅)ပေသွပ်မိုး၊ ထရံကာ၊ မြေစိုက်လူနေတဲအိမ်(၁)လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။


သက်မောင်(ကျောက်ဆည်)