ကျောက်ဆည် ၃၀ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ တောင်နံသာရပ်ကွက်ရှိ 33/11KV 10MVA ငှက္ကတောင် ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်လျက်ရှိသော 11KV ရွှေသာလျှောင်းဖီဒါမှ ဧပြီ ၂၉ ရက်တွင် 11KV Pannel အသစ်တစ်လုံးနှင့် ဖီဒါအသစ်တစ်ခု တည်ဆောက်ပြီး ဓာတ်အားခွဲထုတ် တပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ 11KV Psnnel အသစ်တစ်လုံးနှင့် ဖီဒါအသစ် ခွဲထုတ်တပ်ဆင်ပေးမှုကြောင့် ဖောင်ရွာ၊ ဘောဂဝတီ ရပ်ကွက်မှ မြို့၏တောင်ဘက်ခြမ်း မြို့ဦးရပ်ကွက်၊ ရှမ်းရွာကြီး၊ မြင်စိုင်းကျေးရွာများအထိ လည်းကောင်း၊ မြို့၏ မြောက်ဘက်ခြမ်းရှိ သစ်ကြီးတန်းရပ်ကွက်မှ ထန်းဇင်တော်၊ အရှေ့ငယ်တိုး စသည့် ကျေးရွာများ နွေရာသီ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲမှုကြောင့် ဝန်အားတက်လာကာ Over Current ဖြစ်၍ မကြာခဏ ဓာတ်အားပြတ်တောက်မည့်ရန်မှ ကာကွယ်နိုင်ပြီး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာ ဦးမင်းမင်း၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ 11KV Pannel နှင့် ဖီဒါအသစ် တည်ဆောက်မှုကို နိုင်ငံတော် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ များထဲမှ ကျပ် ၂၅ သန်း အကုန်အကျခံ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


