ကော့ကရိတ် ၈ မတ်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၆)ရပ်ကွက်ရှိ ပြည်သူများဆီသို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် BookClubအဖွဲ့စားသုံးသူရေးရာဦးစီးဌာန၊ သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါရပ်ကွက်ရုံးတွင် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်၊ ဓာတ်ပုံစာအုပ်စာစောင်ပြသခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

20190

 

အသိပညာပေးဟောပြောရာတွင် စားကုန်သုံးကုန်၊ ဆေးဝါးများ၊ အလှကုန်ပစ္စည်းများကို ကျန်းမာရေးနှင့်အညီ စားသုံးရေး၊ စားသုံးသူအကာအကွယ်ပေးရေးနှင့်ပတ်သက်သည့် သိကောင်းစရာများကိုလည်းကောင်း၊ သဘာဝဘေးနှင့်ပတ်သက်သည့် သိထားသင့်သည့်အချက်များ၊ သဘာဝဘေး မကျရောက်မီနှင့် ကျရောက်ပါက ဆောင်ရွက်ရမည့် အချက်များနှင့် ကြိုတင်ဆောင်ရွက်ချက်များ၊ ထောက်ပံ့ဆောင်ရွက်ပေးခြင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင် မိခင်များ၊ ကလေးငယ်များအတွက် လိုအပ်သည့် အာဟာရအုပ်စု (၃)အုပ်စု၊ အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်းနှင့် စာဖတ်ရခြင်း အကျိုးကျေးဇူးတို့ကိုလည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်ကို အသုံးချတက်စေရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရေး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုစေရေးတို့ကို သက်ဆိုင်ရာမှ တာဝန်ရှိသူများက အသိပညာပေး ဟောပြောခဲ့ကြသည်။ 

 

20190

 

ထို့နောက် တက်ရောက်လာသူများကို စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ပြန်ဆက်ဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)

 

FB_IMG_1