ကောလင်း ၂၄ ဧပြီ

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်နှင့် ထီးချိုင့်မြို့နယ်တို့ ဆက်သွယ်ထားသော ထီးချိုင့်-မရသိမ်-တောမ-မော်ကွန်းတိုင်-ကျောက်တန်းလမ်းကို ဘက်ဟိုးယာဉ်ဖြင့် တိုးချဲ့ဖောက်လုပ်ရာတွင် မြေများမှ ရွှေပါဝင်သည်ဟု ယူဆကြပြီး တူးဖော်သူများ များပြားလျက်ရှိသည်။

 

 

တူးဖော်ရာနေရာမှာ ကောလင်းမြို့နယ်နှင့် ထီးချိုင့်မြို့နယ်သို့ ဆက်သွယ်ထားသော လမ်းပိုင်း မင်းဝံဘေးမဲ့တော၊  မုတ်ဝကြိုးပြင် ကာကွယ်တောနှင့် ဘူးတောင်း ကြိုးဝိုင်းသစ်တောအစပ်တွင် ဖြစ်သည်။

 

 

တူးဖော်သူများ၏ ပြောကြားချက်အရ ထုံးကျောက်နှင့် ဂဝံကျောက်တွင် စလင်းရင့်ကျောက်သားများတွင် ရွှေပါဝင်သည်ဟု ယူဆကြကာ တူးဖော်လျက်ရှိပြီး ကားကြီး၊ ကားငယ်၊ ဆိုင်ကယ်များဖြင့် လူဦးရေ ၃၀ဝ၀ ခန့် လာရောက်တူးဖော်လျက်ရှိကြောင်း  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

 

MDN

 

1