ကော့မှူး နိုဝင်ဘာ ၉

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ခရိုင်အမျိုးသမီးရေးရာ/ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာ/ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ပေးအပ်

တွေ့ဆုံပွဲတွင် တွံတေးခရိုင် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အမှာစကားပြောကြားပြီး မြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ချိုမျိုးထိုက် ထံသို့ အဖွဲ့ဝင်အသိအမှတ်ပြု ကတ်ပြားနှင့် ရင်ထိုးတံဆိပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် တာဝန်ရှိသူများက မြို့မရပ်ကွက် ပညာရာမိက သီလရှင်စာသင်တိုက်တွင် အသက် ၁၀ နှစ်မှ ၁၄ နှစ်ထိ NSPE ကျောင်းပြင်ပ မူလတန်းပညာရေးတွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူ ၂၂ ဦးအား Royal-D အချိုရည်ဘူးများနှင့် အလှူငွေ ကျပ်တစ်သိန်းတို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)