ကျောင်းကုန်း   ၈  မေ


အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကွန်ပျုတာသင်တန်း(၁/၂၀၁၉) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေထက်ရှိန် က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဒုတိယလုပ်ငန်းစဉ်ဖြစ်သော ကျေးလက်နေပြည်သူတွေရဲ့ စွမ်းဆောင်ရည် မြင့်မားရေး၊ မိမိတို့၏ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုနိုင်တဲ့အတွက် သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။


အဆိုပါ သင်တန်းသို့ ကျောင်းကုန်းမြို့နယ် အတွင်းရှိ ကျေးရွာများမှ သင်တန်းသား သင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၅) ရက်ကြာ စာတွေ့လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း  သိရသည်။


ဝင်းကြိုင်(ပြန်/ဆက်)