ကော့သောင်း နိုဝင်ဘာ ၆

 

တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းသည် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင်နှင့် မြို့နယ် ယာယီဥပဒေရုံးသို့ သွား‌ရောက်၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းပွဲကို ဆောင်ရွက်သည်။

 

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းပွဲတွင် တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်တို့၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ လမ်းညွှန်ချက်များကို ထပ်ဆင့် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးညွန့်လွင်က သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း ပြောကြားပြီး တရားခွင်အကြို တွေ့ဆုံဆွေးနွေးခြင်း (PTI) စနစ် ကျင့်သုံးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ဥပဒေအရာရှိကျင့်ဝတ် (Code of Ethics for Law Officers) ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးသည်။

 

ထို့နောက် တိုင်းဒေသကြီး ဥပဒေချုပ်နှင့်အဖွဲ့သည် ကော့သောင်းခရိုင်နှင့် မြို့နယ် ဥပဒေရုံး သုံးထပ်အဆောက်အအုံသစ် တည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ရက်အတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)