ကော့သောင်း ၁၈  မတ် 

ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးဖောင်ဒေးရှင်း အင်္ဂလိပ်စကားပြောဆရာအဆင့် သင်တန်းအား ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့အောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတွင် ပြုလုပ် ကျင်းပခဲ့သည်။

 

92

 

သင်တန်းတွင် အီတလီနိုင်ငံအခြေစိုက် INGO အဖွဲ့အစည်းတစ်ခုဖြစ်သည့်  Istituto Oikos  အဖွဲ့ မှ ကနေဒါနိုင်ငံသူ သင်တန်းဆရာမ  Miss; Lisa Flick  က ကော့သောင်းမြို့နယ် ဓမ္မစကူးဖေါင်ဒေးရှင်းမှ ဆရာ/ဆရာမများအား   ဗုဒ္ဓတရားတော်များဖြစ်သည့် ဘုရားရှိခိုးဆုတောင်းမေတ္တာပို့ခြင်း ၊ ငါးပါးသီလ ခံယူ ဆောက်တည်ခြင်း၊ မေတ္တာသုတ်၊ မင်္ဂလာသုတ်ရွတ်ဆိုခြင်း တို့ကို အင်္ဂလိပ်ဘာသာစကားဖြင့် ရွတ်ဆိုပုံရွတ်ဆို နည်းများအား သင်ကြားပို့ချပေးမည်ဖြစ်ပြီး အခြားအရပ်သုံးအင်္ဂလိပ်စကားပြောနည်းတို့ကိုလည်း  သင်တန်းကာလ ၁၀ရက် ကြာပို့ချသင်ကြားပေးသွားမည်ဖြစ်သည်။

 

18

 

အဆိုပါ ဆရာအဆင့် သင်တန်းအား  ဗုဒ္ဓအဆုံးအမတရားတော်များအား နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာစကားဖြင့်  နိုင်ငံတကာမှ ကမ္ဘာလူသားများ နှင့်မျိုးဆက်သက်လူငယ်လူရွယ်ထု အတွင်းကျယ်ကျယ်ပြန့်ပြန့်သိရှိ ပြန့်ပွားလာရေး ၊ ဗုဒ္ဓသာသနာရေရှည်တည်တံ့ပျံ့ပွားရေး ၊  မြို့နယ်အတွင်းဖွင့်လှစ်ပို့ချသင်ကြားလျှက်ရှိသည့် ဓမ္မစကူးကျောင်းသားကျောင်းသူများအား အင်္ဂလိပ်ဘာသာစကားဖြင့် ဆင့်ပွားပို့ချပြန်လည် သင်ကြားပေးနိုင်ရေး ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)