ကော့သောင်း ၈ မေ


မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၆ ဦး အပါအဝင် အလုပ်သမား ၈၇ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံသို့ ရေလမ်းခရီးဖြင့် မေ ၇ ရက် ညနေပိုင်းက ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

1


အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံ ဥပဒေများအရ အရေးယူခံရပြီး  မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ရာ   လာရောက်လွှဲပြောင်းပေးသည့် အလုပ်သမားများကို တာဝန်ရှိသူများက ကြိုဆိုလက်ခံကြကာ ပြည်သူ့ကျန်းမာရေးဌာနမှ လိုအပ်သည့် ကျန်းမာရေးပြုစုရှောက်မှုများ ဆောင်ရွက်ပေးကာ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကျော်စိုး(ကော့သောင်း)

 

1

 

1