တံတားဦး ၃၀  ဧပြီ 


ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇီးကန်ကျေးရွာ အုပ်စုတို့ ပူးပေါင်းပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို မေ ၇ ရက် နံနက် ၉ နာရီတွင် ဇီးကန်ကျေးရွာ ရွာလယ်ဘုန်းတော်ကြီးတွင် ကျင်းပဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ပြည်သူ့စကားဝိုင်း(Public Talk)သို့ တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးမင်းမင်းနီနှင့် ဦးဝဏ္ဏအောင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်း နောင်ဝင်း ၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်မင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဥက္ကာမျိုးနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှူးရုံးမှ လဝကမှူး ဦးဝင်းမြင့်တို့က ပါဝင်ဆွေးနွေးမှာဖြစ်ပြီး ကျေးလက်နေပြည်သူများမှ မည်သူမဆို စိတ်ပါဝင်စားသူများလည်း တက်ရောက်ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရှိရသည်။


ရဲတင့်(ပြန်/ဆက်)