ချောက် နိုဝင်ဘာ ၁၆

 

မကွေးတိုင်းဒေသကြီး ချောက်မြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့က မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် ပဲကြော်ဖိုများသို့ သွားရောက်ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော် ဝင်း၏ကြီးကြပ်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးသက်တင်နှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆိုင်များ၌ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ ဆိုင်ခန်းများအတွင်း မီးလောင်လွယ်သည့်ကုန်ပစ္စည်းများ သိုလှောင်ခြင်းမပြုရန်တို့ကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)