ချောင်းဆုံ   အောက်တိုဘာ   ၁၆

မွန်ပြည်နယ်    ချောင်းဆုံမြို့နယ်ရှိ    ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်၍ နေ့စဉ်လူမှုဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် လမ်း၊  တံတားများ တည်ဆောက်ပေးလျက်ရှိရာ အောက်တိုဘာ ၁၅ ရက်က   မွန်ပြည်နယ်  ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန  ညွှန်ကြားရေးမှူး  (မြို့ပြ) ဦးလှမျိုးဝင်၊   မော်လမြိုင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်နေခြည်ဦးနှင့် တာဝန်ရှိသူများက  ကဒါကျေးရွာ လမ်းချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့ စစ်ဆေးရာတွင် တာဝန်ရှိသူများက  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်  မော်လမြိုင်ခရိုင်အတွင်း   ပြည်နယ်ဒေသဖွံ့ဖြိုးရေး  ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကဒါကျေးရွာ၊ရပ်ကွက်(၁၀) နှင့်  (၁၁)ကြား လမ်းအကျယ်  ၃ ဒသမ  ၆၆  မီတာရရှိရန်အတွက်     တစ်ဖက်လျှင်  သုည ဒသမ၃ မီတာ   လမ်းချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်         ဆက်လက်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား  လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)