ချောင်းဆုံ ၂ မေ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ် ကျေးရွာဒေသများနှင့် ကျေးရွာအချို့တို့တွင် သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့်အတွက် မေ ၂ ရက်က ရေပေးဝေရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် မြို့နယ်အလှူရှင်တို့ ပူးပေါင်းပြီး ကျေးရွာများသို့ သောက်သုံးရေများ အလှည့်ကျ သွားရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံမြို့နယ် ပင်လယ်ကမ်းစပ်ဒေသဖြစ်သည့် ဇီးကုန်းကျေးရွာ၊ ကညှော်ကျေးရွာ၊ တော်ပွန်ကျေးရွာ၊ ကော့မုပွန်ကျေးရွာ၊ ဒေါင်းရပ်အရှေ့/ အနောက်ကျေးရွာ၊ ကွမ်သဲကျေးရွာ၊ မရမ်းကျေးရွာ ဆယ်ပလာကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ ကလော့ကျေးရွာ၊ ထန်းပင်ကုန်းကျေးရွာတို့တွင် နှစ်စဉ်နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးမှုများကို ကြုံတွေ့နေရကြောင်း သိရသည်။
အဆိုပါ ကျေးရွာနေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရရှိစေရန်အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်အလှူရှင်အဖွဲ့တို့မှ ရေဂါလံ(၁၂၀ဝ)ဆံ့ ကား(၄)စီးနှင့် ရေဂါလံ(၂၅၀ဝ)ဆံ့ ကား(၂)စီးဖြင့် ရေဂါလံပေါင်း (၁)သောင်းခန့် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


