ချောင်းဦး  ၈ မတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပြောင်းလဲလာသည့် ရာသီနှင့်အညီ စိုက်ပျိုးနိုင်စေရန်နှင့် ပြောင်းလဲလာသည့် စိုက်ပျိုးနည်းများကို တောင်သူများ သိရှိစေရန်အတွက် ပေါက်အင်းစိုက်ကွင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီသီးနှံဌာနခွဲမှ ဂျုံ၊ ကုလားပဲသီးနှံ စိုက်ပျိုးထားရှိရာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအပေါ် တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲကို မတ် ၈ ရက် နံနက် ၁၀ နာရီက ပေါက်အင်းစိုက်ကွင်း အောက်တောစခန်း ကွင်းဧရိယာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

1


တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲတွင် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးဇော်ထွန်းမြင့်တို့မှ အမှာစကား ပြောကြားကြပြီး ကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝင်းက စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ မျိုးစေ့ထုတ်လုပ်ရေး၊ နည်းစနစ်လေ့ကျင့် ပညာပေးရေးနှင့် သုတေသနဖွံ့ဖြိုးရေး လုပ်ငန်းစဉ်(၃)ရပ်နဲ့ လုပ်ဆောင်နေကြောင်း၊ ပေါက်အင်းစိုက်ကွင်းတွင် အဓိက ဂျုံ(ရေဆင်း-၁၁) နဲ့ ကုလားပဲ (ရေဆင်း-၈)ကို စိုက်ပျိုးထားကြောင်း ရှင်းလင်းပြောကြားသည်။ 

 

1


ဆက်လက်ပြီး တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းမြင့်နှင့် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝင်းတို့မှ ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ပြီး စက်ကြီးများဖြင့် ဂျုံသီးနှံ ရိတ်သိမ်းမှုနှင့် ကုလားပဲသီးနှံ ခြွလှေ့နေမှုများကို တက်ရောက်လာကြသူများက သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။


အိအိအောင် (ချောင်းဦး)

 

1