နေပြည်တော် နိုဝင်ဘာ ၁၂

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ် တင်ဆက်လျက်ရှိရာ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် “ခေတ်ဆန်းချိန် အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြု တေးဂီတဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၄ ရက် (သောကြာနေ့) ည ၉ နာရီခန့်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့် ပြသမည်ဖြစ်သည်။

အဆိုပါ တေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံတေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ နာမည်ကျော် တေးသံရှင်များဖြစ်ကြသည့် ရဲထိုက်၊ ရသ၊ ဈာန်ထူး၊ ဖြိုးဘိုဘို၊ လျှမ်းထက်ကို၊ စဝ်ဝဏ္ဏကျော်စွာ၊ စိမ့်နေခြည်၊ ရဲရင့်ဝေလွင်၊ အိအိလှိုင်နှင့် မေ့ချစ်သက်တို့က အမျိုးဂုဏ်ဇာတိဂုဏ် မြှင့်တင်နိုင်ရန်နှင့် ဂုဏ်ယူနိုင်ရန်အတွက် ဇာတိမာန်တက်ကြွစေမည့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားခဲ့သည့် တေးသီချင်းကောင်းများနှင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

အဆိုပါ တေးဂီတဖျော်ဖြေပွဲကို MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live)ထုတ်လွှင့် ပြသမှုနှင့် အတူ MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မည်ဖြစ်သည့်အပြင် နိုဝင်ဘာ ၁၆ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင်လည်း MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်