နေပြည်တော် ၇ မတ်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ချင်းပြည်နယ်အစိုးရအဖွဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတို့ပူးပေါင်း၍ ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲကို ရန်ကုန်မြို့ရှိ Myanmar Convention Center ၌ မတ် ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် ချင်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းနှင့် အလားအလာများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍနှင့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့ကို တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးကြမည်ဖြစ်ပြီး တိုက်ရိုက်မေးမြန်းရှင်းလင်း ပြောကြားနိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ရင်းနှီးမြှုပ်နှံမှု ကော်မတီ ခရိုင်စုပေါင်းရုံး ဖုန်း/ဖက်စ်-ဝ၇၀-၂၁၃၂၃၊ E.mail-dica.chin@gmail.com နှင့် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် သစ္စာလမ်း အမှတ်(၁) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဖုန်း ဝ၁-၆၅၈၁၃၂၊ ဖက်စ် ဝ၁-၆၅၈၁၄၃၊ E.mail-dica.ip.mm@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


