ဆားလင်းကြီး ၂၄ ဧပြီ
ချင်းတွင်းမြစ်အတွင်း ဧပြီ ၁၅ ရက်က စက်လှေနစ်မြုပ်၍ သေဆုံးခဲ့သူများအတွက် ဆားလင်းကြီးမြို့နယ် အတွင်းမှ ကျန်ရစ်သူ မိသားစုဝင်များအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီက ဆားလင်းကြိီးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ချင်းတွင်းမြင်းအတွင်း စက်လှေနစ်မြုပ်ရာတွင် သေဆုံးခဲ့သူများအတွက် ၄င်းတို့၏ မိသားစုဝင်များအား တစ်ဦးလျှင် နှစ်သိန်းကျပ်ဖြင့် သေဆုံးသူ (၁၁)ဦးအတွက် ငွေကျပ် ၂၂ သိန်းအား တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ဇနီး ဒေါ်တင့်တင့်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်တို့မှ ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဦးငယ်(ဆားလင်းကြီး)


