နေပြည်တော် ၁၇ ဩဂုတ်

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၇)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။

 

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၃)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် (၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

 

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် (၃)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။

 

အကြံပြုချက်အနေဖြင့် ခန္တီးမြို့နယ်နှင့် မော်လိုက်မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားပါသည်။

 

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

 

mdn