ခင်ဦး  ၂၄ ဧပြီ

 

စားသုံးသူဘေးကင်းရေးအတွက် ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်း ဒေသကြီး၊ ခင်ဦးမြို့မဈေးနှင့် ကုန်စုံဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထို့သို့စစ်ဆေးရာတွင် ခရိုင်စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်ငွေနှင့် ဝန်ထမ်းများ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးဌေးတင့်၊ မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်မှု ကော်မတီဝင်များနှင့် ဈေးစားသုံးသူရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြို့မဈေးနှင့် လက်လီ၊ လက္ကား ဖြန့်ချိသော ဈေးဆိုင်(၁၃) ဆိုင်ရှိ စားသောက်ကုန်နှင့် မုန့်မျိုးစုံတို့ကို သက်တမ်းလွန်ခြင်း ရှိ၊ မရှိ၊ FDA မှ တားမြစ်ထားသော အစားအသောက်များ ရှိ၊ မရှိနှင့် စားသုံးရန်မသင့်သော စားသောက်ကုန်နှင့် မုန့်မျိုးစုံတို့ ရှိ၊ မရှိတို့ကို ရှောင်တခင် စစ်ဆေးခဲ့သည်။

 

ထို့နောက် စားသုံးရန်မသင့်သော စားသောက်ကုန်နှင့် မုန့်မျိုးစုံတို့ကို စားသုံးသူကာကွယ်ရေး ဥပဒေအရ သတိပေးပြီး တားမြစ်ထားသော စားသောက်ကုန်နှင့် မုန့်မျိုးစုံတို့ကို သိမ်းဆည်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)

 

1