ခင်ဦး ၂၅ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အားကစားမှူးရုံးနှင့် အရာရှိ နေအိမ်အဆောက်အဦ ပန္နက်တင် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အောင်သီရိရပ်ကွက်ရှိ မြို့မအားကစားကွင်း တောင်ဘက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ထွန်း၊ မြို့မမြို့ဖ ဒုဥက္ကဋ္ဌ ဦးမိုးဝင်းနှင့် မြို့နယ်အားကစားနည်းစနစ်မှူး ဒေါ်သင်းသင်းခိုင်တို့က အားကစားမှူး ရုံးခန်းနှင့် အရာရှိနေအိမ် အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာအား ပန္နက်ရိုက်ပေးခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ခွင့်ပြုရန်ပုံငွေ (၃၈၈) သိန်းကျပ်ဖြင့် (၄၀ ပေ× ၃၄ပေ) အာစီတစ်ထပ်၊ အားကစားမှူးရုံးခန်းနှင့် အရာရှိနေအိမ် အဆောက်အဦကို ရတနာရွှေတိုး ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)


