ကော့သောင်း ၃၀ ဧပြီ
သောက်ရေအခက်တွေ့လျှက်ရှိသည့် ရပ်ကွက်များသို့ ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့မှ သောက်သုံးရေများ လိုက်လံဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပိုမိုသိသာသည့် ခရမ်းလွန်ရောက်ခြည်ကျရောက်မှုဖြင့် အပူချိန် မြှင့်တက်မှုခံစားလာနေရသည့် ကော့သောင်း ခရိုင်အတွင်းရှိ ရပ်ကွက်တချို့တွင် ရေတွင်းရေကန်များ ခန်းခြောက်စပြုလာပြီး သောက်သုံးရေ အခက်တွေ့လျှက်ရှိရာ ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမျိုးထွန်းဦး ဦးဆောင်လျှက် တပ်ဖွဲ့ဝင်များမှ ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်၊ ထွန်းသီရိကုန်း ၁ လမ်းမှ ၃ လမ်းအတွင်း နေထိုင်ကြသည့် ရပ်ကွက်ပြည်သူ မိသားစုများ၊ ဘုရင့်နောင်ရပ်ကွက်၊ ကျောက်ဖျာလမ်း(၂)လမ်းရှိ အိမ်ခြေ ၁၁၀ အား သောက်သုံးရေဂါလန် (၃၀ဝ၀) လိုက်လံဝေငှ ပေးအပ်လှူဒါန်းကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း)


