ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်များထံမှ ချေးငွေအမြန်ဆုံး ပြန်လည်ရရှိရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး လိုအပ်သော ဓာတ်မြေဩဇာစာရင်း၊ Drum Seeder များ ရရှိနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
ရန်ကုန် ဩဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းရှင်များထံမှ ချေးငွေအမြန်ဆုံးပြန်လည်ရရှိရေးနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် ပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး လိုအပ်သော ဓာတ်မြေဩဇာစာရင်း၊ Drum Seeder များ ရရှိနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက ကိုဗစ်-၁၉ ချေးငွေများ ဆုံးရှုံးမှုမရှိစေရေး၊ စားရေရိက္ခာဖြည့်တင်းရန် စိုက်ပျိုးရေးထုတ်ကုန်များကို ယခင်ကထက် ပိုမိုတိုးတက်ထုတ်လုပ်ရေး တို့နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ကိုဗစ်-၁၉ ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်နိုင်ရေးနှင့် ဓာတ်မြေဩဇာများ ဝယ်ယူနိုင်ရေး၊ Drum Seeder များ ရရှိနိုင်ရေးတို့ကို ဆွေးနွေးတင်ပြသည်။
ထို့နောက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများ အကျိုးရှိစွာ အသုံးချမှုအပေါ် ချေးငွေစိစစ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရန်ကုန်တိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ် အထွေထွေမန်နေဂျာက ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများ ထုတ်ပေးထားရှိမှု၊ အတိုး၊ အရင်းများ ပြန်လည်ကောက်ခံမှုများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားသည်။
သတင်းစဉ်


