ကျိုက်ဒုံ ၂၇ ဧပြီ
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့တွင် ဧပြီ ၂၆ ရက် ညနေ ၄ နာရီခွဲက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဝန်ထမ်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်စုဝေနှင့် အဖွဲ့များက မြို့ပေါ်အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိ လေဘေးသင့် ပြည်သူများ၏ နေအိမ်သို့ သွားရောက်ကာ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
လေဘေးသင့်ခဲ့သည့် နေအိမ်(၇)လုံး၊ အိမ်ထောင်စု(၇)စု၊ လူဦးရေ ၂၂ ဦးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၆ သိန်း၊ ဆန်ရိက္ခာဖိုး ငွေကျပ် ၄၆၂၀ဝ တို့အား သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်(ပြန်/ဆက်)


