ကျိုင်းတုံ ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံ မြို့၌ မြန်မာအီလက်ထရောနစ်မဲ ပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲနှင့် မဲပေး စက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲ ပေးခြင်းအခမ်းအနားကို ဇူလိုင် ၂၁ ရက်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သန်လွင် ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း အရှေ့) ဥက္ကဌ ဦးတင်လင်းက အမှာ စကားပြောကြားပြီး တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်က သင်တန်းသား၊ သင်တန်းသူများအတွက် ချီးမြှင့် ငွေများပေးအပ်သည်။ ထို့နောက် ကျိုင်းတုံခရိုင် မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)စက်ဖြင့် အသုံး ပြု၍ မဲပေးရခြင်းအကြောင်း ရှင်းလင်းတင်ပြပြီး မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ် မဲပေး ဆောင်ရွက်ကြသည်။
အဆိုပါ သင်တန်းသို့ ကျိုင်းတုံ မြို့နယ်မှ သင်တန်းသား သင်တန်း သူ ၁၃၅၅ ဦး တက်ရောက်ပြီး ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၃ဝ ရက် အထိ ၁၅ ကြိမ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)


