ကျိုင်းတုံ ၂၀ မတ်
မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့နှင့် တိုင်းရင်းဆေးရုံ (၁)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ကျိုင်းတုံမြို့၊ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံရှိ ခန်းမ၌ ယနေ့ နံနက်(၉)နာရီက ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ကျိုင်းတုံမြို့နယ်အသင်းခွဲ ဘဏ္ဍာရေးမှူး ဦးအောင်တင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း (ဗဟို)မှ ပေးပို့သော တိုင်းရင်းဆေးသမားတော်များနေ့သဝဏ်လွှာအား ကျိုင်းတုံခရိုင်တိုင်းရင်းဆေးဆရာအသင်းမှ အတွင်းရေးမှူး ဦးမင်းဟန်က ဖတ်ကြားသည်။ ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီးနောက် တိုင်းရင်းဆေးဆရာကြီး ဦးအောင်တင်အား တိုင်းရင်းဆေးဆရာ၊ ဆရာမများက ဂါဝရပြုလက်ဆောင်ပေးအပ်ကာ အရိုအသေပေးကန်တော့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)


