မြစ်ကြီးနား ၂၆ ဧပြီ
နိုင်ငံတော်သမ္မတ၏ လူသားခြင်းစာနာသောအားဖြင့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူများကို လွတ်ငြိမ်းသက်သာခွင့်ပေးလျက်ရှိရာ ဧပြီ ၂၆ ရက်က ကချင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ ၃၂၀၉ ဦးကို ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသား ၁၂၈၇ ဦးနှင့် အကျဉ်းသူ ၇၈ ဦး၊ မိုးညှင်းအကျဉ်းထောင်မှ အကျဉ်းသား ၁၂၂၁ ဦး၊ အကျဉ်းသူ ၁၀၄ ဦး၊ ဗန်းမော်အကျဉ်းထောင်မှ အကျဉ်းသား ၃၃၅ ဦး၊ အကျဉ်းသူ ၁၈ ဦး၊ ပူတာအိုအကျဉ်းထောင်မှ အကျဉ်းသား ၈၃ ဦး၊ အကျဉ်းသူ ၁၁ ဦးနှင့် မြစ်ကြီးနားမြို့နယ် မလိခကျေးရွာရှိ(ပိတောင်) စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းမှ အကျဉ်းသား ၇၂ ဦး၊ စုစုပေါင်း ကချင်ပြည်နယ်ရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်းများမှ အကျဉ်းသား၊ အကျဉ်းသူ ၃၂၀၉ ဦးကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်းများမှ ဒုတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သူများမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလည်းစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆/၂၁ ဖြင့် အကျဉ်းကျခံနေသူများဖြစ်ပြီး အထူးကိစ္စဖြင့် စဉ်းစားသင့်သူ သုံးဦးပါဝင်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


