ကလေး ၁၆ ဇွန်

 

ဇွန် ၁၆ ရက် မြန်မာစံတော်ချိန် (၀၁) နာရီ၊ (၀၇) မိနစ်၊ တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၃၆ မိုင် ခန့်ကွာဝေးသော ကလေးမြို့၏ တောင်ဘက် ၁၄ မိုင်ခန့်အကွာတွင်  အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် ၂၂ ဒသမ ၉၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒသမ ၀၃ ဒီဂရီ၊ အနက်  ၁၄ ကီလိုမီတာကို ဗဟိုပြု၍  လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

MDN