ဓနုဖြူ ၅ မေ
ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များ စကားပုံဝေါဟာရ ကြွယ်ဝစေရန် စကားပုံဆက်ပြိုင်ပွဲအား မေ ၄ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ၏ အားလပ်ရက်များတွင် စကားပုံများသိရှိကာ ဗဟုသုတ ကြွယ်ဝစေရန်အတွက် စကားပုံဆက်ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး အချိန်တိုအတွင်း စကားပုံမှန်ကန်စွာ အမှားအယွင်းမရှိ ဆက်နိုင်သူအား ဆုများချီးမြှင့်ပေးခဲ့သည်။
ယခုလို ကျောင်းရက်ရှည်ပိတ်ရက်များတွင် ကလေးငယ်များအား ယခုလိုပွဲများပြုလုပ်ပေးခြင်းဖြင့် ကလေးငယ်များ ပျော်ရွှင်စေပြီး ဗဟုသုတများစွာ ရရှိစေတဲ့အတွက် အလွန်အကျိုးရှိပါကြောင်း ကလေးငယ်များ၏ မိဘများထံမှ ကြားသိရသည်။
မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှိ ကလေးစာဖတ်ခန်းတွင် ဆော့ကစားရင်း၊ စာအုပ်များလေ့လာရင်းနဲ့ ကလေးငယ်များ ဗဟုသုတရရှိစေကာ အသိပညာများ ကြွယ်ဝလာစေမှာဖြစ်ပြီး ယခုလိုပွဲများကိုလည်း လစဉ်လတိုင်း စာဖတ်ဝိုင်းများ၊ အရုပ်ပုံဆက်၊ စကားပုံဆက်နှင့် ကလေးငယ်များနှစ်သက်သည့် ပျော်ရွင်ဖွယ် ဂိမ်းကစားနည်းများကိုလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူဟိဏ်း(ဓနုဖြူ)


