လော့စ်အိန်ဂျလိစ်  ဇူလိုင်  ၂၂

နာဆာနှင့်  အိန္ဒိယအာကာသသုတေသန အဖွဲ့အစည်း(အိုင်အက်စ်အာရ်အို)တို့သည်   ကမ္ဘာမြေ လေ့လာစောင့်ကြည့်ရေးဂြိုဟ်တုကို ဇူလိုင်    ၃၀   ရက်တွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း ဇူလိုင် ၂၁ ရက်တွင် နာဆာက ထုတ်ပြန်ကြေညာထားသည်။

နာဆာနှင့် အိုင်အက်စ်အာရ်အိုတို့ ပူးပေါင်းတည်ဆောက်ထားသည့် NISAR ဂြိုဟ်တုကို အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်း၌  တည်ရှိသည့်  ဆာတစ်ရှ် ဒါဝန်အာကာသစင်တာမှ လွှတ်တင်သွားမည်ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုလွှတ်တင်ရေးမစ်ရှင်သည် အမေရိကန်ပြည်ထောင်စုနှင့်  အိန္ဒိယနိုင်ငံတို့အကြား အာကာသပူးပေါင်းဆောင်ရွက်မှု၏ မှတ်တိုင်တစ်ခုဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်    အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ တို့သည်   ကမ္ဘာမြေလေ့လာစောင့်ကြည့်ရေးဂြိုဟ်တုကို   အမေရိကန်  - အိန္ဒိယ အရပ်ဘက် အာကာသပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသည့် သင်္ကေတတစ်ခုဖြစ်ကြောင်း ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

အဆိုပါ ဂြိုဟ်တုသည် ကုန်းမြေဂေဟစနစ်များ ပြောင်းလဲမှုများကို စောင့်ကြည့်ခြင်း၊   ရေခဲလွှာများ၊   ရေခဲမြစ်များနှင့် ပင်လယ်ပြင်ရေခဲများ ကြီးထွားမှုနှင့် ကျုံ့ဝင်မှုတို့ကို ခြေရာခံခြင်း၊ ကမ္ဘာ့မြေလွှာ၏ ရွေ့လျားပြောင်းလဲမှုများ တိုင်းတာခြင်းတို့ကို  လုပ်ဆောင်သွားမည်ဖြစ်သည်။                                

ဆင်ဟွာ