၁၀ မတ်
ရာသီဉတုပြောင်းလဲခြင်းနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်နေခြင်းတွေကြောင့် ကမ္ဘာ့သဲသောင်ပင်လယ် ကမ်းခြေတစ်ဝက်လောက်ဟာ ၂၁၀၀ ခုနှစ်အရောက်မှာ ပျောက်ဆုံးနိုင်ကြောင်း သုတေသနပညာရှင်တွေက မတ်လဆန်းပိုင်းက သတိပေးလိုက်ပါတယ်။
ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေတဲ့ ကျောက်မီးသွေးလောင်စာသုံးစွဲခြင်းကို လျှော့ချခဲ့မယ်ဆိုရင် သုံးပုံတစ်ပုံကျော်တဲ့ သဲသောင်ပင်လယ်ကမ်းခြေဆုံးရှံးနိုင်ကြောင်း၊ အကျိုးသက်ရောက်မှုအနေနဲ့ နိုင်ငံကြီး၊ငယ်တွေမှာရှိတဲ့ ပင်လယ်ကမ်းရိုးတန်း ခရီးသွားလုပ်ငန်းတွေချိနဲ့ သွားနိုင်ကြောင်း၊ အဲဒီအတွက် ပြင်ဆင်ထားဖို့လိုအပ်ကြောင်း သုတေသနပညာရှင် မိုင်ဟဲလိစ် ဗူဒိုကာ ကပြောပါတယ်။
တွေ့ရှိချက်အရ ဩစတြေးလျနိုင်ငံဟာ အဆိုရွားဆုံးခံစားရနိုင်ပြီး မိုင်ပေါင်း ၉၀၀၀ ကျော်ရှိတဲ့ ငွေရောင်သဲသောင်ပင်လယ်ကမ်းခြေဟာ နှစ်ပေါင်း ၈၀ ကျော်အတွင်းမှာ ပျောက်ကွယ်သွားနိုင်တယ်။ အဲဒီနောက် ကနေဒါ၊ ချီလီနဲ့ အမေရိကန်နိုင်ငံတွေက ပင်လယ်တွေပါ အလားတူ ခံစားရနိုင်တယ်လို့ သိရပါတယ်။
ကမ္ဘာပေါ်ရှိ သဲသောင်ကမ်းခြေတွေ အများဆုံးရှုံးနိုင်မယ့် နိုင်ငံများစာရင်းတွင် မက္ကဆီကို၊ တရုတ်၊ ရုရှား၊ အာဂျင်တီးနား၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေပါဝင်တာကိုတွေ့ရပါတယ်။
ကမ္ဘာ့ကမ်းရိုးတန်းရဲ့ သုံးပုံတစ်ကျော်ဟာ သဲသောင်ကမ်းခြေတွေဖြစ်ပြီး အဲဒီနေရာတွေမှာ လူနေထူထပ်လေ့ရှိတာကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP


