ကန့်ဘလူ ၂၁ မတ်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ကြိုတင်ပြင်ထားရှိရမည့် လုပ်ငန်းများ တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မတ် ၂၁ ရက်မွန်းလွဲ ၁ နာရီခွဲက ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးကျော်ဝင်းက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မိမိတို့တာဝန်ကျ ကျေးရွာ အုပ်စု/ရပ်ကွက်အလိုက် လိုအပ်ချက်များ ပြင်ဆင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ရွေး ကောက်ပွဲဆိုင်ရာဥပဒေ၊နည်းဥပဒေများ၊လုပ်ငန်းလမ်းညွှန်များ၊ညွှန်ကြားချက်များနှင့်အညီ အဂတိကင်းကင်း၊ ဘက်လိုက်မှုကင်းကင်းနှင့်ပြည်သူ့ဆန္ဒအမှန်ဖြစ်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိဒေါ်စုမာခိုင်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယခင်ရွေးကောက်ပွဲများတွင် ကြုံတွေ့ရသည့်အခက်အခဲများအား ဆွေးနွေးတင်ပြကြပြီး ကြိုတင်ပြင်ဆင်ထားရှိရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)

 

mdn