ကန့်ဘလူ ၂၇ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မော်တော်ယာဉ်၊ ထွေလာဂျီ၊ မော်တော်ဆိုင်ကယ်များ အား လိုင်စင်သက်တမ်း တိုးပေးခြင်း၊ ယာဉ်မောင်းလိုင်စင်အသစ်နှင့် သက်တမ်းတိုးပေးခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းတို့ကို ရွှေဘိုခရိုင် ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာညွန့် ဦးဆောင်သည့် ပူးပေါင်းအဖွဲ့ဝင် ဝန်ထမ်းများက ကန့်ဘလူမြို့ ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံး၌ ဧပြီ ၂၇ ရက်က နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကန့်ဘလူမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် များအား သက်တမ်းတိုးပေးခြင်း၊ ယာဉ်မောင်းလိုင်စင် အသစ်ဆောင်ရွက်ပေးခြင်းတို့နှင့်အတူ လမ်းကိုအသုံးပြုသူတိုင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို မလွဲမသွေ လိုက်နာရမည့်အချက်များကို အသိပညာပေး ရှင်းလင်းဟောပြောပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

 

mdn

 

နေ့ချင်းပြီး သက်တမ်းတိုး၊ လိုက်စင်အသစ်များ ပြုလုပ်ပေးခဲ့ရာတွင် သက်တမ်းတိုး မော်တော်ကား ၁၆ စီး၊ မော်တော်ဆိုင်ကယ် ၄၃ စီး၊ ထော်လာဂျီ ၂ စီးကိုလည်းကောင်း၊ ယာဉ်မောင်းလိုင်စင်အသစ် ၄၃ စောင်နှင့် ဆိုင်ကယ် သက်တမ်းတိုး ၁၁ စီးတို့ကိုလည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)