ကျွန်းစု ၄ မေ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဉီးဆောင်၍ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာသော အသိပညာဗဟုသုတများကို စာဖတ်သူအချင်းချင်း အပြန်အလှန် ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ Youth Clubနှင့် စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကို မေလ(၃)ရက်နေ့ ညနေ့(၃)နာရီခွဲအချိန်က ကျွန်းစုမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဒေါက်တာဖေမြင့်၏ “တန်ဖိုးထားအပ်သောအရာ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ထိုနောက် တက်ရောက်လာသော Youth Clubအဖွဲ့နှင့် စာပေချစ်မြတ်နိုးသူများက “တန်ဖိုးထားအပ်သောအရာ” စာအုပ်မှ တန်ဖိုးထားအပ်သောအရာများ၊ နေတတ်တဲ့လူ၊ အဆုံးအဖြတ်ပေးတတ်တဲ့လူ၊ ဣန္ဒြေနဲ့ မနေတတ်တဲ့လူ၊ သူတစ်ပါးကိုလက်ညှိးထိုးချင်သူ စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


