ကျွန်းလှ  ၈ မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေအဖြစ် ကျပ်သိန်း (၄၈၀ဝ၀) ထုတ်ချေးရန် လျာထားကြောင်း မြို့နယ်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေကို ယခင်နှစ်အတိုင်း တောင်သူတစ်ဦးချင်း အာမခံစနစ်ဖြင့် စပါးတစ်ဧက ငွေကျပ်  ၁၅၀ဝ၀ဝ၊ အခြားသီးနှံ တစ်ဧက ငွေကျပ် ၁၀ဝ၀ဝ၀ နှုန်း ထုတ်ချေးကြောင်းမည်ဖြစ်ပြီး စက်တင်ဘာလကုန်အထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြို့နယ်မန်နေဂျာ ဦးအောင်အေးထံမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ကျေးရွာအုပ်စု ၃၆ အုပ်စု၊ တောင်သူ ၆၉၀ဝ ဦး၊ စပါး  ၂၆၂၀ဝ ဧက နှင့် အခြားသီးနှံ ၈၇၀ဝ ဧက အတွက် ငွေကျပ် သိန်း ၄၈၀ဝ၀ ထုတ်ချေးသွားမည်ဖြစ်သည်။

မျိုးဝင်းညို(ကျွန်းလှ)

mdn